International News

အိန္ဒိယနိုင်ငံTechBharat 2022 ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်

Last Updated:

အိန္ဒိယနိုင်ငံ၊ ကာနာတကာပြည်နယ်၊ Bengaluru မြို့ အခြေစိုက်၊ MS Foundation အဖွဲ့အစည်းသည် တတိယမြောက် TechBharat 2022 ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ မေလ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ Mysuru မြို့ရှိ CFTRI ၊ Campus တွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း ၊ Virtual နှင့် Physical နည်းလမ်း ၂ ခုဖြင့် ပြုလုပ်မည့် ၎င်းကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၏ လယ်ယာစိုက်ပျိုးမွေးမြူရေးထွက်ကုန်များ၊ စားသောက်ကုန်ပြုပြင်ထုတ်လုပ်မှုတို့နှင့် သက်ဆိုင်သော ထုတ်ကုန်များနှင့် နည်းပညာရပ်များကို ခင်းကျင်းပြသမှုနှင့်အတူ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် စီးပွားရေးလုပ်ငန်းအချင်းချင်း မိတ်ဆက်တွေ့ဆုံပွဲများ ပါဝင်မည်ဖြစ်ရာ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ပါကြောင်း သိရှိရပါသည်။

Source: စီးပွားရေးသံမှူး-အိန္ဒိယ

Category: International News